အတ္တ

အတ္တ

ငါလား...........
မပြတ်နိုင်တဲ့စိတ်နဲ့
သံယောဇဉ်ကို မာန်တင်းပြီးဆက်ချင်မိတယ်။

ငါလား...........
မကုန်သေးတဲ့မေတ္တာနဲ့
ဖုန်းအခါခါဆက်နေမိတယ်။
အချည်းနှီးကို အချည်းနှီးလို့
မထင်မိတဲ့ငါ.........

အတူနေသူငယ်ချင်းက
ရင်တွင်းအပူကို ရိပ်စားမိရဲ့
အဆက်အသွယ်ရပါပြီတဲ့
ဆက်ပြောတဲ့စကား
ငါမကြားချင်ယောင်ဆောင်လိုက်တယ်
သူ့ချစ်သူကတဆင့်ပါတဲ့။

အခြေအနေကောင်းပါတယ်တဲ့
သူငယ်ချင်းပြောစကား
ရင်ဝကိုအရှိန်နဲ့ဆောင့်တယ်
အွန်လိုင်းမှာ သူရှိနေပါပြီတဲ့
မာန်တင်းပြီး ငါနားထောင်
ပြုံးမယောင်ယောင်နဲ့ပေါ့။
ငါလည်းအွန်လိုင်းမှာ ရှိနေတာပဲလေ....

သြော်...........
ငါတွေအရမ်းများ
အတ္တတွေဖောင်းပွနေပေါ့
ငါ့အပြစ်ပါပဲလေ.........။

(၁၂.၃.၂၀၁၁)

0 comments:

Post a Comment