ချစ်သူသိစေ

ဝေးကြပြီတဲ့လားချစ်သူရယ်……………..။ ပြန်တော့မယ်ဆိုတဲ့စကား ရင်ကိုဆတ်ဆတ်ခါ နာကျင်စေခဲ့ရပါတယ်။ တဘ၀စာလုံးအတွက် နှုတ်ဆက်ခဲ့တာလားကွာ။ ရင်နဲ့မမျှအောင် ချစ်ခဲ့ရတာတွေအတွက် ငါဘယ်လိုဖြေသိမ့်ရမှာလဲ။ သံယောဇဉ်အတိုင်းအဆ နှိုင်းပြလို့မရအောင်ချစ်ခဲ့မိလို့လည်း ရူးလောက်အောင် ခံစားနေရပါတယ်ချစ်သူ။ မင်းလည်း ဘယ်လောက်ခံစားနေရမယ်ဆိုတာ နားလည်မိလို့လည်း ဖုန်းဆက်ပြီး နှစ်သိမ့်စကား ပြောခဲ့တာပါချစ်သူ။ ဒါပေမယ့်……..ချစ်သူရယ်။ မင်းကိုနှစ်သိမ့်နေတဲ့ ငါ့ပါးပြင်ပေါ်မှာလည်း မျက်ရည်တတွေတွေ စီးကျနေရပါတယ်။ မျက်ရည်တွေမဟုတ်ပါဘူးလေ………. နှလုံးသားဒဏ်ရာက စီးကျနေတဲ့ နှလုံးသွေးစက်တွေပါ။ ငါငိုလို့မရအောင် ခံစားခဲ့ရပါတယ် ချစ်သူရယ်။

ဘယ်လိုခွန်အားမျိုးနဲ့ ငါ မင်းကို မေ့လို့ရမှာလဲ။

ဘယ်လောက်ထက်မြနေတဲ့အရာကများ မင်းအပေါ်ထားခဲ့တဲ့သံယောဇဉ်ကို ပြတ်တောက်စေနိုင်မှာလဲချစ်သူရယ်………………..။

သေဆုံးသွားတဲ့ မျှော်လင့်ခြင်းတွေကို ငါ့နှလုံးသားထဲကနေပြီး မင်းအပြီးအပိုင်ဆွဲထုတ်သွားခဲ့ပြီနော်။ ငါ့နှလုံးသားဈာပန ငါကိုယ်တိုင်ချရမယ့်ပွဲ မင်းကျင်းပပေးခဲ့ပြီပေါ့။ ငါနဲ့ထိုက်တန်ခဲ့တာ ဒါပဲလားချစ်သူရယ်။ အေးလေ………… မင်းခဏနားခိုသွားတဲ့ ငါ့ရင်ခွင်ဟာ မင်းအတွက်အေးမြခြင်းကိုမှ မပေးစွမ်းနိုင်ခဲ့ပဲလေ။ ငါကျေနပ်ပါတယ်ချစ်သူ။ ငါနဲ့ထိုက်လို့ မင်းပေးခဲ့တဲ့ သွေးစက်လက်နဲ့အလွမ်းဒဏ်ရာကို ရင်ခွင်ပိုက်ရင်း တဘ၀စာလုံးအတွက် မင်းကိုဆက်ချစ်နေပါရစေ ချစ်သူရယ်……….။

ငါတို့နှစ်ယောက် အတူတူချစ်ခဲ့ဖူးကြတယ်လေ…………..
ငါတို့နှစ်ယောက် အတူတူပျော်ခဲ့ဖူးကြတယ်လေ…………
ငါတို့တယောက်ကိုတယောက် စိုးရိမ်ခဲ့ဖူးကြတယ်လေ………..
ငါတို့တယောက်ကိုတယောက် ဖေးမနှစ်သိမ့်ဖူးခဲ့တယ်လေ……………
ခုတော့………….
ငါတို့နှစ်ယောက် ဆုံနိုင်ခွင့်မရှိနိုင်တော့တဲ့ အရပ်တွေဆီဦးတည်ရင်း………

ဝေးကြပြီပေါ့ချစ်သူရယ်………………..။