ဖြေရာမဲ့

ဖြေရာမဲ့

ချစ်သူထားခဲ့ချိန်မှာ
ဝိုင်တခွက်နဲ့ ဂစ်တာတလက်လည်း
ကိုယ့်အတွက် အဖော်မဖြစ်ခဲ့ပါ။
စိတ်၏ဖြေရာ
တဂိုးရဲ့ကဗျာဆိုတာလည်း မဖတ်နိုင်ခဲ့။
ကြေကွဲမှု အစိုင်အခဲတခုက
ရင်ထဲမှာခိုတွယ်
ဘယ်အရာနဲ့ ခြေဖျက်မလဲ
တကယ်တော့ ချစ်သူရယ်
ခံပြင်းမှု ဒေါသတွေနဲ့အတူ
နာကျင်မှု မျက်ရည်တပေါက်
ပူလောင်စွာ ကြွေဆင်းနေပေမယ့်
ပျက်ပြယ်လျော့ပါးခြင်း
အလျဉ်းကင်းတဲ့ အချစ်တွေနဲ့
ချစ်နေဆဲပါ ချစ်သူ။ ။