အလွမ်း

“အလွမ်း”

ရှည်လျားလှတဲ့ ညဥ့်ယံအောက်
ကြယ်ကြွေတွေကို လိုက်ကောက်ရင်း
အိပ်မက်တွေကို သီကုံး
ဆုံးမထင်တဲ့ အလွမ်းတောမှာ
ငါမိန်းမောနေခဲ့တယ်ချစ်သူ။

အနိုင်အရှုံးကင်းတဲ့ ချစ်ခြင်းနဲ့
နင့်နင့်သီးသီး ချစ်ခဲ့မိတာမို့
မြတ်နိုးမိတဲ့နင့်ကို
မြတ်နိုးလွန်းလို့ စွန့်လွှတ်ခဲ့ရတယ်
မပြုံးမပျက် ကျေနပ်ခဲ့ပေမယ့်
နေတတ်ဖို့တော့ အချိန်ပေးပါချစ်သူ။

ထပ်ကြွေမယ့် ကြယ်တပွင့်ကိုမျှော်ငေးရင်း
မျက်ရည်တပေါက် တောက်ခနဲကျတယ်
နင်ပျော်ပါစေချစ်သူ...........။