အလှတရား

“အလှတရား”

ရိတ်သိမ်းခြင်းမခံရတဲ့
မြက်တောရိုင်းတွေကြားထဲက
ခေါင်းထောင်စပန်းတပွင့်ဟာ
တောင်တန်းပြာပြာနဲ့သက်တံ့တွေဆီ
မော့မကြည့်ဖြစ်တော့ပါဘူး

အလှတရားဆိုတာ
နှလုံးသားနဲ့ထုဆစ်ထားတာပါ
ငါ့အတွက်တော့
မာနဆိုတာ အလှတရားပဲလေ

အရင်က....
ပင်လယ်သမုဒ္ဒရာကြီးတခုလုံးကို
ပိုင်ဆိုင်စိုးမိုးခဲ့တာပါဘဲ
ခုတော့ရေသေအိုင်လေးပေါ့

ဒါပေမဲ့.......
ဘယ်လိုရေပြင်မျိုးမှာဘဲဖြစ်ဖြစ်
မနက်ဖြန်နံနက်လင်းရင်တော့
နှင်းဆီတွေတအားပွင့်မှာပါ

ဇီးကွက်လေး

0 comments:

Post a Comment